love is strange. I don't know how to describe it ,but i know there's love.
Believe in Love
If you believe in love , love will give you "they lived happily ever after" life.
Saturday, October 27, 2007
why ?
Posted by
khine
at
11:45 PM
0
မှတ်ချက်ပေးချင်ရင်
Labels: love
Talk About Love
" ချစ်သူက လမ်းလျှောက်ရင်
သူ့ဘေးမှာပျော်ပုံသစ်လို့
ကိုယ်ဖြစ်လိုက်ချင်
ကိုယ်သာကြင် သူမခင်တော့လည်း
နောင်တချိန် ခင်လာနိုး
မျှော်ကိုးမှာပဲ ... "
ဆိုတဲ့ကဗျာလေးကိုဆိုရင်း ချစ်သူကို တဖက်သတ် စွဲလန်းစိတ်နဲ့ချစ်မြတ်နိုးနေတဲ့သူ အတွက်လည်း အချစ်ဆိုတာ မျှော်လင့်ခြင်းတွေကို ပေးစွမ်းတဲ့ အရာတစ်ခုပါ။ ချစ်သူနဲ့အတူပျော်ရမယ့်ရက်တွေကိုတွေးပြီး စိတ်ကူးထဲမှာပဲဖြစ်ဖြစ် လှပတဲ့အနာဂတ်တစ်ခုကိုပုံဖော်ဖို့ ကြိုးစားရင်း..သူ့စိတ်ကူးလေးက အမြဲနူးညံ့နေမှာပါ။
ချစ်ခြင်းမေတ္တာဆိုတာ ပျော်ရွှင်ခြင်းစိတ်ရဲ့အေးချမ်းခြင်းတွေကို ပေးစွမ်းနိုင်တဲ့ အရာတစ်ခုပေါ့။ ပြန်မချစ်ရကောင်းလားဆိုတဲ့ အတ္တဆန်ဆန်အတွေးမျိုးတွေ တခါတလေ ၀င်လာနိုင်ပေမယ့် ပူလောင်လွန်းလှတော့ ကြည်လင်တဲ့စိတ်အတွေးတွေကိုပဲယူဆောင်ပေးမယ့် ပျော်ရွှင်စရာမျှော်လင့်ချက်တွေနဲ့ ပဲ ဒီကဗျာလေးကို ရွတ်ရင်းနေချင်မိတယ်။ အချစ်ဆိုတာ တကယ်ရှိပါတယ်။ ရှိနေမှလည်း ကမ္ဘာကြီးကလှနေမှာပေါ့။ တယောက်နဲ့တယောက် ချစ်မြတ်နိုးမှုသံယောဇဉ်တွေနဲ့ဖွဲ့တည်မှ အရာရာဟာငြိမ်းငြိမ်းချမ်းချမ်းရှိနိုင်မှာပေါ့။ တခါတလေတော့ အသွားအပြန်ရှိတယ်လို့ပြောတာ မှန်ပါ့မလားလို့ ထင်မိတယ်။ အသွားအပြန်ရှိတာက သံယောဇဉ်ဖြစ်မယ်လို့တွေးမိတယ်။ ချစ်သူကိုချစ်တဲ့အချစ်တွေကတော့ တသက်လုံးပေါင်းစည်းဖို့အတွက်ဆိုတဲ့ ခံစားချက်နဲ့ချစ်ကြမယ်ဆိုရင်တော့ တယောက်တည်းကိုပဲ ချစ်နိုင်မှာပဲ။ နှလုံးသားရဲ့ နေရာမှာ ကိုယ့်ကိုချစ်တဲ့သူတိုင်းကို အသွားအပြန်ဖြစ်အောင်....ပြန်ပေးဖို့က စာနာခြင်းနဲ့သံယောဇဉ်တွေကိုပဲ ပြန်ပေးနိုင်မှာလေ။ ဒါပေမယ့် ချစ်တတ်တဲ့နှလုံးသား နဲ့ ကြင်နာတတ်တဲ့စိတ်ဓါတ်တွေက အရာအားလုံးကိုလှပစေတယ်ဆိုတာတော့ .............. အသက်ထက်ဆုံးယုံကြည်နေမိတယ်။
Posted by
khine
at
11:39 AM
0
မှတ်ချက်ပေးချင်ရင်
Friday, October 26, 2007
Subscribe to:
Posts (Atom)